Friday, September 21, 2012

ချစ်သူလေးသိပါစေ

ထားရစ်ခဲ့ပါ.......။။။

ထားရစ်ခဲ့ပါ အချစ်ရယ် ပြန်မဆုံနိုင်မယ့်ည

ကျေနပ်လိုက်ပါမယ် ...သိပ်ချစ်လို့

တစ်ယောက်ထဲငါလွမ်း သီချင်းနားထောင်ရင်းလေ

မင်းကြောင့်ဖြစ်တဲ့ သီချင်းတွေဆိုနေရင်းနဲ့ ကြေကွဲတယ်

မင်းရဲ့မျက်ရည်သုတ်လိုက် ပါ

ငါ့အရှုံးပေးပါတယ် သိပ်ချစ်လို့ပါ....

ကျန်ရစ်သူမှာ အလွမ်း ဒဏ်ရာတွေနဲ့လေ

မင်းနှလုံးသားမှာ အခြားလူနေရာပေးလိုက်ပြီပဲ

ငါ့လေကြေကွဲတယ် ချစ်သူရယ်...

မျော်လင့်မထားတဲ့ အဖြစ်အပျက်နောက်မှာ

ဆုံးရှုံးရမယ့် အသိတွေညှိတွယ်လွန်းတယ်

အနိုင်ယူရက်တဲ့ ချစ်သူရယ်

ဟန်ဆောင်ကောင်းတဲ့ မင်းမျက်ဝန်းမှာ

ငါ့..အနာဂတ်အိပ်မက်တွေ ပျက်စီးရပြီလေ...............။။။
သိပ်ချစ်ရတဲ့ ချစ်သူလေးသိပါစေ